နမော်နမဲ့နိုင်သူလေး

နမော်နမဲ့နိုင်သူလေး

Regular price MMK3,500 MMK0 Unit price per
Shipping calculated at checkout.
- +

ဖေဖေမေမေတို့ရေ ဘယ်အရာကိုပဲလုပ်လိုက်လုပ်လိုက် အမြဲတမ်းအလွဲလွဲအချော်ချော်နဲ့မှားနေတတ်တဲ့ သားသားမီးမီးလေးတွေရှိနေပြီလား။ အိမ်မှာဆိုလည်း အိမ်မှာမို့ ၊ကျောင်းမှာဆိုလည်းကျောင်းမှာမို့ လုပ်လိုက်ရင်တလွဲကိုဖြစ်တဲ့သူလေးတွေပေါ့။

သူတို့လေးတွေက တမင်တကာလွဲပြီးလုပ်တာမဟုတ်ပေမယ့်ကျွန်မတို့မိဘတွေက သူတို့လေးတွေကိုနမော်နမဲ့နိုင်လွန်းသူလေးတွေ၊ နမူမစိုက်သူတွေဆိုပြီး မကြာခဏဆူပူမိကြပါလိမ့်မယ်။အဲဒီလိုဆူလိုက်တဲ့အခါမှာ သူတို့လေးတွေကကြောက်ပြီးပိုမှားကုန်ကြတော့တယ်။

သူတို့လေးတွေ ဘာပဲလုပ်လုပ်တလွဲတွေပဲဖြစ်နေပြီး အမြဲလိုလိုအဆူခံနေရရင် ကြာလာတဲ့အခါသူတို့လေးတွေရဲ့စိတ်ထဲမှာ “ ငါဘာပဲလုပ်လုပ် မှားနေပြီး အမြဲအဆူခံနေရတာပဲ”ဆိုပြီး အားငယ်စိတ်လေးတွေဝင်သွားတတ်ပါတယ်။

အဲဒီအားငယ်စိတ်လေးကြောင့် ဘယ်အရာကိုမှမလုပ်ရဲ၊ မကိုင်ရဲနဲ့ ကြောက်ရွံ့မှုကကြီးတဲ့အထိပါသွားပြန်ရင်လည်း မကောင်းပါဘူး။ ဒီလိုနမော်နမဲ့နိုင်လွန်းလှတဲ့သားသားမီးမီးလေးတွေ ဘာကိုပဲလုပ်လုပ် အမှားနည်းပြီးအဆင်ပြေပြေလုပ်ကိုင်တတ်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို “နမော်နမဲ့နိုင်သူလေး” ဆိုတဲ့ ပုံပြင်စာအုပ်လေးကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားပါတယ်။

“နမော်နမဲ့နိုင်သူလေး ”ပုံပြင်လေးကို ဖတ်ပြပေးခြင်းဖြင့် သားသားမီးမီးလေးတွေ ဘာကိုပဲလုပ်လုပ်အမှားနည်းပြီးအဆင်ပြေပြေလုပ်ဆောင်နိုင်စေဖို့ ဆန္ဒပြုလိုက်ရပါတယ်ရှင်။