စိတ် ကောက်လွန်းသူ လေးများဖတ်ရန်
စိတ် ကောက်လွန်းသူ လေးများဖတ်ရန်

စိတ် ကောက်လွန်းသူ လေးများဖတ်ရန်

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

“ထစ်ခနဲရှိ စိတ်ကောက်နေတော့တာပဲ” လို့ခဏတိုင်းပြောနေရလို့ စိတ်ညစ်နေပြီလား ဖေဖေမေမေတို့ရေ။ စိတ်ကောက်နေခြင်းက ကလေးတို့ရဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးတတ်သလို စိတ်ကောက်နေခြင်းကြောင့် ကိုယ့်ရဲ့ အခွင့်အရေးတွေကိုလည်း ဆုံးရှုံးရတတ်ပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်မတို့ True Learning စာအုပ်တိုက်က စိတ်ကောက်တတ်လွန်းတဲ့ သားသားမီးမီးလေးတွေအတွက် “စိတ်ကောက်လွန်းသူလေးများဖတ်ရန်” စာအုပ်လေးကိုထုတ်ဝေလိုက်ပြန်ပါပြီ။

ပုံပြင်စာအုပ်လေးထဲမှာ စိတ်ကောက်တတ်တဲ့ ယုန်ကလေးအကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားထားတာမို့ ဖေဖေမေမေတို့က “စိတ်ကောက်လွန်းသူလေးများဖတ်ရန်” စာအုပ်လေးကို  သားသားမီးမီးလေးတွေ စိတ်မကောက်တော့စေဖို့ အမြန်ဆုံးဖတ်ပြလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေရှင်။ 

ဒါ့အပြင် သားသားမီးမီးတွေ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။