{"product_id":"brain-games-level-2-copy","title":"Brain Development ( 6 Books) ကလေးတို့ ဉာဏ်ရည် ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့","description":"\u003cp\u003e(၃) နှစ်အထက် ကလေးတို့ ဉာဏ်ရည် ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူပြုမယ့် Brain Development Activity စာအုပ်လေးတွေပဲဖြစ်ပါတယ်။ စုစုပေါင်း(၆) အုပ် ပါဝင်ပါတယ်။\u003c\/p\u003e\n\u003cp\u003e\u003cstrong\u003e1. Logic and Reasoning ( စဉ်းစားတွေးခေါ်မှုစွမ်းရည် အားကောင်းစေဖို့)\u003c\/strong\u003e\u003cbr\u003e\u003cstrong\u003e2. Attention and Focus (ိတ်တည်ငြိမ်ပြီး အာရုံစိုက်မှုအားကောင်းစေဖို့)\u003c\/strong\u003e\u003cbr\u003e\u003cstrong\u003e3. General Knowledge \u0026amp;amp; Science (ဗဟုသုတစုံလင်ပြီး သိပ္ပံနည်းကျ တွေးခေါ်တတ်စေဖို့)\u003c\/strong\u003e\u003cbr\u003e\u003cstrong\u003e4. Numbers and Math (ကိန်းဂဏန်းအခြေခံနှင့် သင်္ချာစွမ်းရည် တိုးတက်စေဖို့)\u003c\/strong\u003e\u003cbr\u003e\u003cstrong\u003e5. Creativity \u0026amp;amp; Imagination (တီထွင်ဖန်တီးမှုနဲ့ စိတ်ကူးဉာဏ်အားကောင်းစေဖို့)\u003c\/strong\u003e\u003cbr\u003e\u003cstrong\u003e6. Language \u0026amp;amp; Words (ဘာသာစကားနဲ့ စကားလုံးများ ကြွယ်ဝစေဖို့)\u003c\/strong\u003e\u003c\/p\u003e\n\u003cp\u003e\u003cbr\u003e\u003cstrong\u003eLogic and Reasoning\u003c\/strong\u003e\u003cbr\u003eLogic and Reasoning စာအုပ်လေးကတော့ သားသားမီးမီးလေးတို့ရဲ့ စဉ်းစားတွေးခေါ်မှုစွမ်းရည်ကို အားကောင်းလာစေဖို့ အထောက်အကူပေးမယ့် စာအုပ်လေးဖြစ်ပါတယ်။ သားသားမီးမီးလေးတွေ ပြဿနာတစ်ခုကြုံလာတဲ့အခါ ဇဝေဇဝါမဖြစ်ဘဲ အမှားအမှန်၊ အကျိုးအကြောင်းကို ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပြီး အဖြေရှာနိုင်တဲ့ သူလေးတွေဖြစ်လာအောင် ဒီစာအုပ်လေးကနေ စတင်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။\u003c\/p\u003e\n\u003cp\u003e\u003cstrong\u003eAttention and Focus\u003c\/strong\u003e\u003cbr\u003eAttention and Focus စာအုပ်လေးကတော့ သားသားမီးမီးလေးတို့ စိတ်တည်ငြိမ်ပြီး အာရုံစိုက်မှုစွမ်းရည်အားကောင်းလာစေဖို့ရာ တစ်ထောင့်တစ်နေရာကနေ အထောက်အကူပေးမယ့်စာအုပ်လေးပဲဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာပါဝင်တဲ့ ကစားနည်းလေးတွေနဲ့ လေ့ကျင့်သင်ကြားရင်း နောက်ပိုင်း ကလေးတို့စာဖတ်တဲ့အခါ၊ လေ့လာသင်ယူတဲ့အခါမှာ အလွယ်တကူ အာရုံမပျံ့လွင့်ဘဲ ဇွဲရှိရှိနဲ့  အာရုံစူးစိုက်လုပ်ဆောင်တတ်လာအောင် လေ့ကျင့်ပေးသွားနိုင်မှာပဲဖြစ်ပါတယ်။ \u003c\/p\u003e\n\u003cp\u003e\u003cstrong\u003eGeneral Knowledge \u0026amp; Science\u003c\/strong\u003e\u003cbr\u003eGeneral Knowledge \u0026amp; Science စာအုပ်လေးကတော့ ကလေးတို့အရွယ်မှာ သိသင့်တဲ့ အထွေထွေဗဟုသုတလေးတွေကို ပျော်ရွှင်ဖွယ်ရာ ဂိမ်းလေးတွေဆော့ကစားရင်း၊ အမေးအဖြေလေးတွေလုပ်ရင်း သင်ကြားပေးနိုင်မယ့် စာအုပ်လေးပဲဖြစ်ပါတယ်။   \u003c\/p\u003e\n\u003cp\u003e\u003cstrong\u003eNumbers and Math \u003c\/strong\u003e\u003cbr\u003eNumbers and Math စာအုပ်လေးကတော့ (၃)နှစ်အထက်ကလေးငယ်များကို  ကိန်းဂဏန်းတွေရဲ့ သဘောသဘာဝ နဲ့  အပေါင်းအနုတ်သဘောတရားလေးတွေကို  အခြေခံကစပြီး အလွယ်တကူ သင်ကြားပေးနိုင်မယ့် စာအုပ်လေးပဲဖြစ်ပါတယ်။ \u003c\/p\u003e\n\u003cp\u003e\u003cstrong\u003eCreativity \u0026amp; Imagination\u003c\/strong\u003e\u003cbr\u003eCreativity \u0026amp; Imagination စာအုပ်လေးကတော့ သားသားမီးမီးလေးတွေရဲ့ အတွေး၊ စိတ်ကူးလေးတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုတတ်လာအောင်၊ ကိုယ်ပိုင်ဖန်တီးမှုလေးတွေကို ယုံကြည်ချက်အပြည့်နဲ့ လုပ်ဆောင်တတ်လာအောင် လေ့ကျင့်သင်ကြားပေးမယ့် စာအုပ်လေးပဲဖြစ်ပါတယ်။\u003c\/p\u003e\n\u003cp\u003e\u003cstrong\u003eLanguage \u0026amp; Words\u003c\/strong\u003e\u003cbr\u003eLanguage \u0026amp; Words စာအုပ်လေးကတော့ ဘာသာရပ်တစ်ခုကိုသင်ကြားရတာဟာ ပျော်ရွှင်စရာပါဆိုတာကို ကလေးတို့သိရှိအောင် ဖန်တီးပေးထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ \u003cbr\u003eဒီစာအုပ်လေးထဲမှာတော့ အင်္ဂလိပ်စာဝေါဟာရလေးတွေ၊ စကားလုံးအသုံးအနှုန်းလေးတွေနဲ့  သင်ခန်းစာဂိမ်းလေးတွေမျိုးစုံပါဝင်ပြီး ထိုသင်ခန်းစာလေးတွေကို ကလေးတို့ပျော်ပျော်ရွှင်ရွှင်နဲ့ လွယ်လွယ်ကူကူသင်ကြားလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ \u003cbr\u003e\u003cbr\u003e\u003cspan\u003e1 Books Pages: 16 (6 Books)\u003cbr\u003e\u003c\/span\u003eSize: 6.2 x 8.5 inches\u003cbr\u003e\u003cbr\u003e\u003c\/p\u003e","brand":"True Learning","offers":[{"title":"Default Title","offer_id":48808919957719,"sku":"9789429775652","price":15000.0,"currency_code":"MMK","in_stock":false}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0479\/8916\/2144\/files\/brain-development_6bookspackage.jpg?v=1782287370","url":"https:\/\/trues.com.mm\/products\/brain-games-level-2-copy","provider":"True Learning Books - ထူးထူးစာပေ ","version":"1.0","type":"link"}