အမြဲအနိုင်လိုသူများဖတ်ရန်

အမြဲအနိုင်လိုသူများဖတ်ရန်

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

လူရယ်လို့ ဖြစ်လာရင် ဘယ်ကိစ္စမဆို ကိုယ်သာလျှင် အနိုင်လိုချင်ကြတာ သဘာဝပါပဲ။  စိတ်နုနယ်ကြသေးတဲ့ ကလေး အရွယ်ဆို ပိုဆိုးမှာပေါ့။ကစားရာတဲ့နေရာမှာပဲဖြစ်ဖြစ်၊ စာလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် ဘယ်လိုကိစ္စရပ်မျိုးမဆို အရာရာကို အနိုင်လိုချင်ကြမှာပါ။

ဒါပေမဲ့ အနိုင်လိုချင်လွန်းတဲ့အခါမှာ တစ်ဖက်သားအတွက် မစဉ်းစားပေးတော့ဘဲ အတ္တကြီးတတ်လာပြီး အရွယ်ရောက်တဲ့အခါ ရန်တွေများလာတတ်သလို လူမှုရေးမှာပါ ညံ့ဖျင်းလာတတ်ပါတယ်။

ဒီစာအုပ်လေးထဲမှာတော့ အရာရာမှာအနိုင်ယူချင်တဲ့စိတ်လေးအစား မျှဝေပေးတတ်တဲ့စိတ်၊ တစ်ပါးသူကိုလည်း စာနာတတ်တဲ့စိတ်တွေရှိလာစေဖို့  သင်ကြားပြသပေးထားပါတယ်။

ဒါ့အပြင် စာဖတ်တတ်တဲ့ သားသားမီးမီးလေးတွေအတွက် စာဖတ်ရင်း ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေထားပါတယ်။